Home > Work > မောင်၊ ကိုကိုနှင့် မြနန္ဒာ
1 " လောက၌ အိပ်မက် မက်တတ်သူသာ မက်ရသည်ပဲ။ ဒါဟာ နန္ဒာရဲ့ အမှားတော့ ဖြစ်သည်။ သို့သော် နန္ဒာမပြုလုပ်ခဲ့ရသော မွေးကတည်းက ပါသော အမှားဖြစ်သည်။ ထိုအမှားကြောင့် စိတ်သိမ်မွေ့ရသည်။ အထီးတည်းနိုင်ရသည်။ သူတကာနှင့် ရောလို့ မရသည်။ တယောက်တည်း ဖဲခွာထွက်လာတတ်စေသည်။ ဝေဒနာခံစားရာ၌ ပြင်းပြစေသည်။ လောက၍ အကောင်းဆုံးချည်း၊ အလှကိုချည်းမြင်စေ၊ မျှော်မှန်းစေပြီး အကောင်းနှင့်အလှဆိုတာချည်း ဖြစ်နိုင်သည်ဟု ယုံမှားစေသေး၏။ စိက်ကူးယဉ်စေ၏။ စိတ်ဒဏ်ရာ ရလွယ်စေ၏။ မေ့ပျောက်ခဲစေ၏။ "
― ကြည်အေး , မောင်၊ ကိုကိုနှင့် မြနန္ဒာ
2 " မိန်းမဟူသည်ချောမောလှပမှ သို့မဟုတ် ပညာဉာဏ်ကြီးမားမှ သို့မဟုတ် ဖွဲမျှသာတည်း။ "
3 " အနုပညာသမားပေါ့.. စိတ်ကိုသိမ်မွေ့ ယဉ်ကျေးစေရုံမက အထီးတည်းနိုင်စေသော၊ သူတကာနှင့် မရောနိုင်စေသော၊ တစ်ယောက်ထည်း ဖယ်ခွာထွက်လာစေသော ထိုအရာသည် ဝေဒနာခံစားရာ၌ ပြင်းပြစေဦးမည်။ အကောင်းကိုချည်း အလှကိုချည်း မျှော်မှန်းစေဦးမည်။ ခွင့်လွှတ်ခက်ခဲသော သဘောထားစေမည်။ စိတ်ကူးယဉ်တတ်စေဦးမည်။ "
4 " မြနန္ဒာ၏ ပုံတူများ ဆွဲပြီးလျှင် အိပ်ရာခေါင်းရင်း၌ စီတန်းချိတ်ဆွဲနိုင်မည်။ သာမန်လူအပေါင်းတို့ စော်ကားခြင်းမှ ကင်းလွတ်ရန် ဖဲလိုက်ကာဖြူဖြင့်တော့ ဖုံးအုပ်ထားမည်။ တစ်ကိုယ်ကောင်းဆန်လို၍တော့ မဟုတ်။ "
5 " ဒါပေမယ့် လင်းကလည်းမပြောဘူး။ သူ့မှာပြောစရာရှိသေးတယ်ဆိုတာ နန္ဒာသိပါတယ်။ သူကတော့မပြောဘူး ။ နန္ဒာကလည်းမမေးဘူး။ မာနမဟုတ်ပါဘူး။ မပြောချင်တာကို မမေးသင့်ဘူးထင်လို့ပါ။ မရေရာတာကိုလည်း မစုံမက်လို့ပါ။ "